Saturday 21 April 2012

Did dictatorship discredit leftist ideology in Myanmar?

If you're having trouble displaying the font in the text below, a PDF of the text can be downloaded here.

အာဏာရှင်စနစ်သည် မြန်မာနိုင်ငံတွင် လက်ဝဲဝါဒကို ကျဆင်ခဲ့စေသလား။

တစ်ခါတစ်ရံ ကျွန်တော်၏ မိတ်ဆွေများအား “မြန်မာနိုင်ငံမှာ ပြည်သူလုထူက လက်ဝဲဝါဒကို ထောက်ခံလား”လို့ ကျွန်တော် မေးပါသည်။ သူတို့ကား မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်အစိုးရနှင့် လက်ဝဲ နိုင်ငံရေးသမားများ အာဏာရှင်စနစ် ကျင့်သုံးခဲ့ သောကြောင့် ပြည်သူလူထု အများစု လက်ဝဲဝါဒကို မထောက်ခံဘူးလို့ ဖြေခဲ့ပါသည်။ ဤအကြောင်းတွင် နားလည်မှု့ လွဲသည်လို့ ကျွန်တော် ထင်ပါသည်။ ဘာကြောင့်လဲဆိုတော့ လက်ဝဲလို့ ခေါ်သည့်ဝါဒ အမျိုးမျိုးရှိသည် (ဥပမာ - အဏာရှင် ကွန်မြူနစ်၊ အဏာရှင် ဆိုရှယ်လစ်၊ ဆိုရှယ် ဒီမိုကရက်တစ်နှင့် လွတ်လပ်သော ဆိရှယ်လစ်ဝါဒ [libertarian socialism])

သမိုင်းတလျောက်တွင် လက်ဝဲဝါဒီလို့ ခေါ်သည့်အစိုးရနှင့် နိုင်ငံရေး ပါတီများသည် အာဏာရှင်စနစ်ကို ကျင့်သုံတာ မှန်ပါသည်။ သို့ပေမဲ့ ကျွန်တော် အမြင်သည် ဤအစိုးရနှင့် နိုင်ငံရေးပါတီများ လက်ဝဲဝါဒီ စစ်စစ် မဟုတ်ပါ။ လက်ဝဲဝါဒ၏ အဓိကရည်မှန်ချက်သည် ညီမျှခြင်း (တန်းတူရည်တူ) ဖြစ်ပါသည်။ ဒါကြောင့် လူတန်းစား ခွဲခြားခြင်း၊ အနိုင်ကျင့်မှုနှင့် အရင်းရှင်စနစ်တို့ကို ဆန့်ကျင်သည်။ အလားတူ အာဏာရှင်စနစ်အောက်မှာ ခေါင်းဆောင်နှင့် လူထုကြားတွင် ညီမျှခြင်းမရှိပါ။ သို့သောကြောင့် ကွန်မြူနစ်နှင့် ဆိုရှယ်လစ်လို့ ခေါ်သည့်နိုင်ငံများတွင် အာဏာရှင် အစိုးရသည် လူထုကို အနိုင်ကျင့်နိုင်သည်။

ဒါကြောင့် ညီမျှခြင်း စစ်စစ်ရှိသည့် အခြေအနေဆိုတာ ဘာလဲ။ ညီမျှခြင်းစစ်စစ် ရှိသည့် အခြေအနေ့တွင် တရားဝင်ခေါင်းဆောင် မရှိပါ။ လုထုကိုယ်တိုင် သူတို့ရဲ့ အခြေအနေကို စီမံခန့်ခွဲသည်။ ကိုယ်တိုင် စီမံခန့်ခွဲမှုဆိုတာ တိုက်ရိုက် ဒီမိုကရေစီလို့ ခေါ်နိုင်သည်။ အလုပ်ခွင်တွင် အလုပ်သမား ကိုယ်တိုင် စီမံခန့်ခွဲမှုဆိုတာ (workers' self-management) တိုင်ရိုက် ဒီမိုကရေစီလို့ ခေါ်နိုင်သည်။ ရွေးကောက်ပွဲစနစ်ကို သွယ်ဝိုက် ဒီမိုကရေစီလို့ ခေါ်နိုင်သည်။ ရွေးကောက်ပွဲစနစ်အောက်တွင် (သွယ်ဝိုက် ဒီမိုကရေစီ) ခေါင်းဆောင်များသည် ဆုံးဖြတ်ခွင့် ရှိပြီး ခေါင်းဆောင်နှင့် လူထုကြားတွင် ညီမျှခြင်းမရှိပါ။ အမိန့်ပေးသည့် လူအုပ်စုနှင့် အမိန့်နာခံရသည့် လူအုပ်စုဟု ခွဲခြားသွားသည်။ ဤနားလည်မှုသည် လက်ဝဲ အဖွဲ့အတွက် အရေးကြီးသည်။

လောလောဆယ် မြန်​မာပြည်တွင် အလုပ်သမား သမဂ္ဂအသစ်များ တည်ထောင်နေသည်။ အလုပ်သမား သမဂ္ဂများသည် အလုပ်သမားအကျိုးကို အမှန်တကယ်  ဖန်တီးပေးနိုင်ပါ့မလား။ သမဂ္ဂ၏ အစီအမံအပေါ် မူတည်သည်။ အခြားနိုင်ငံ​များတွင် အလုပ်သမားသမဂ္ဂ အများကြီးရှိသည်။ များသောအားဖြင့် ဤသမဂ္ဂများသည် တိုက်ရိုက် ဒီမိုကရေစီကျင့်သုံးသောအဖွဲ့ မဟုတ်ပါ။ ဤသမဂ္ဂတွင် လူကြီးလို့ ခေါ်သည့် ခေါင်းဆောင်သည် အာဏာ ရှိသည်။ တချို့ သမဂ္ဂခေါင်းဆောင်သည် လဘ်စားသည်။ ဤသမဂ္ဂမှ ဝန်ထမ်းများ၏ လစာသည် သာမာန် အလုပ်သမား၏ လစာထက် အဆပေါင်းမျာစွာ ပိုများသည်။ ဤသမဂ္ဂသည် အလုပ်သမားများကို   ကန့်သတ်သည် (ဥပမာ - အလုပ်သမားများအား သပိတ်မှောက်ဖို့ ဆုံးဖြတ်ခွင့် မပြုပါ) ဤသမဂ္ဂများတွင် အဖွဲ့ဝင် အလုပ်သမားများသည် သမဂ္ဂ၏ လုပ်ငန်စဉ်များတွင် ပါဝင်ဆောင်ရွက်မှု သိပ်မရှိပါ

အလုပ်သမား သမဂ္ဂ ဒီမိုကရေစီဆိုတာ (union democracy) အလုပ်သမားများ အတွက် အင်အား တစ်ရပ် အဖြစ် အလွန်အရေး ပါသည်။ အလုပ်သမား သမဂ္ဂ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲလုပ်ရုံ မဟုတ်ပါ။ အမှန်တကယ် ဒီမိုကရက်တစ် အလုပ်သမား သမဂ္ဂတွင် ဆုံးဖြတ်ခွင့်ရှိသည့်အမှုဆောင်အရာရှိ မရှိပါ။ ရွေးကောက်ခံရသည့် သမဂ္ဂဝန်ထမ်းများမှာ သူတို့၏ ပုံမှန်အလုပ်ကို ဆောင်ရွက်ကြရသည်။ ဆုံးဖြတ်ချက်အတွက် အလုပ်သမား အားလုံးသည် စုပေါင်းဆုံးဖြတ်ရသည်။ ရွေးကောက်ခံရသည့် သမဂ္ဂဝန်ထမ်းများသည် အလုပ်သမားများ၏ ဆုံးဖြတ်ချက်များကို ဆောင်ရွက်ရသည်။ သမဂ္ဂဝန်ထမ်းများသည် အလုပ်သမားများ၏ ဆုံးဖြတ်ချက်များကို မဆောင်ရွက်နိုင်ရင် အဖွဲ့ဝင် အလုပ်သမားများသည် သမဂ္ဂ ဝန်ထမ်းများကို ချက်ချင်း ဖြုတ်ချခွင့် ရှိသည်။

ခိုင်မာသော ဒီမိုကရက်တစ် သမဂ္ဂတွင် အလုပ်သမားများသည် လုပ်ပိုင်ခွင့် အာဏာရှိသည်။ ဒါကြောင့် အလုပ်သမား သမဂ္ဂတွင် ဒီမိုကရေစီဆိုတာ အင်အားဖြစ်သည်ဟု ပြောနိုင်သည်။ သမဂ္ဂတွင် အာဏာရှင်စနစ် မရှိအောင် သမဂ္ဂအဖွဲ့ဝင်များ အမြဲတမ်း ဂရုစိုက် ရသည်။ ဤသို့ဖြင့် အကောင်းဆုံး ဒီမိုကရက်တစ် သမဂ္ဂသည် လူကြီးမဲ့ သမဂ္ဂ ဖြစ်မည်။ ဤသို့ဖြင့် လူတန်းစား ခွဲခြားမှု မရှိသည့် ကမ္ဘာကို လည်းကောင်း၊ အလုပ်ရှင် မရှိသည့် ကမ္ဘာကို လည်းကောင်း ဖြစ်စေချင်သည့် အလုပ်သမားများသည် သူတို့၏သမဂ္ဂတွင် စတင် ဖန်းတီးနိုင်သည်။ ဤသို့ဖြင့် ကျွန်တော်တို့သည် ကမ္ဘာအသစ်ကို ကမ္ဘာအဟောင်အခွံတွင် စတင်ပြီး တည်ဆောက်နိုင်သည်။ အဲဒါပဲ လက်ဝဲဝါဒ စစ်စစ် (လွတ်လပ်သောဆိရှယ်လစ်ဝါဒ) ဖြစ်ပါသည်။

No comments:

Post a Comment